OpenAI ရဲ့ LLM mode အသစ် GPT-4.5


OpenAI က သူ့ရဲ့ LLM နောက်ဆုံးပေါ်  model ဖြစ်တဲ့ GPT-4.5 ကို ၂၀၂၅ ဖေဖော်ဝါရီ ၂၇ နေ့ က ထုတ်ဝေလိုက်ပါတယ်။ 

OpenAI ရဲ့ အဆိုအရ GPT-4.5 ဟာ Creavity ပိုကောင်းလာပြီး မေးခွန်းတွေကိုဖြေဆိုရာမှာလည်း သဘာဝကျပြီး လူသားပိုဆန်လာပါတယ်။  သူ့ရဲ့ Knowledgebase ဆိုဒ်ကကြီးတဲ့အတွက် နဲနဲတော့နှေးပါတယ်တဲ့။ DALL·E ကိုသုံးပြီးတော့ ပုံတွေထုတ်နိုင်ပေမယ့် အသံတွေ ဗွီဒီယိုတွေတော့ မထုတ်ပေးနိုင်သေးပါဘူး။ 

AI တွေရဲ့ ထုံးစံအတိုင်း အဖြေတွေကို ၁၀၀ ရာခိုင်နှုန်းမှန်တယ်လို့ ယူဆလို့မရနိုင်ပေမယ့် အမှားတွေ လုပ်ကြံပြောဆိုတာ(hallucinations)တွေတော့လျော့နဲလာတယ်လို့ဆိုပါတယ်။

ပုံထဲမှာ တော့ ပင်လယ်ရေဘာကြောင့်ငံရတာလည်း ဆိုတဲ့မေးခွန်း ကို မတူတဲ့ GPT version တွေကိုမေးထားပြီး AI ရဲ့ တိုးတက်လာပုံအဆင့်ဆင့်ကိုတွေ့ရမှာပါ။ (OpenAI က အင်ဂျင်နီယာတွေစမ်းပြထားတာပါ)

နောက် Model ဖြစ်တဲ့ GPT-5 လည်း မေလကုန်လောက်မှာထွက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

ChatGPT ရဲ့ အဆင့်ဆင့် တိုးတက်လာပုံလေးတွေကိုကြည့်လိုက်ရအောင်။

GPT-1 မှာ ChatGPT ဟာ စကားပြောတတ်စ ကလေးလေးတစ်ယောက်လို ကြားဖူးနားဝစကားလုံးတွေကို အဆက်အစပ်မရှိပြောနေတာတွေ့ရမှာပါ။

GPT-2 မှာတော့ မေးခွန်းထဲက စကားလုံးတွေပြန်သုံးပြီး စာမကျက်လာတဲ့ ကျောင်းသားတစ်ယောက် မေးခွန်းဖြေသလိုလုပ်နေတာတွေ့ရမှာပါ။

GPT-3.5 ကလက်ခံလို့ရတဲ့ အဆင့်ကိုရောက်လာပါပြီ။ ဒါပေမယ့် အဖြေက ယေဘူယျသဘောဆောင်ပါတယ်။

GPT-4 မှာတော့ အသေးစိပ်ရှင်းပြနိုင်လာပါတယ်။

GPT-4.5 ရဲ့အဖြေက အယင် version နဲ့သိပ်မကွာပေမယ့် ပိုကျစ်လစ်ပြီး ပိုရှင်းလင်းပါတယ်။