ကွန်ပျူတာသိပ္ပံ ပညာရှင် Andrew Ng


ကွန်ပျူတာနည်းပညာနဲ့သိပ်မပက်သက်တဲ့ အလုပ်တွေ (ဥပမာ HR, Marketing, Sales) မှာလုပ်ကိုင်နေကြတဲ့သူတွေကြားထဲမှာ နည်းပညာကျွမ်းကျင်သူတဲ့တွေဟာ တခြားသူတွေထက်ပိုပြီး အလုပ်ကိုထိထိရောက်ရောက်နဲ့မြန်မြန်ဆန်ဆန်ပြီးအောင်လုပ်နိုင်ကြပြီး သူတို့ကြားထဲက ကွာဟချက်ကလည်း ကြီးမားလာတာကိုသတိပြုမိပါတယ်။ဥပမာ၊ ကုဒ်ရေးနည်းသင်တန်းကို တက်ဖူးသူတွေဟာ မလုပ်ဖူးတဲ့ သူတွေထက် လုပ်ငန်းခွင်မှာ ပိုပြီး သာလွန်တာကိုတွေ့ရပါတယ်။

ဒါကို အန်ဒရူး အင်း ကသူ့ရဲ့ LinkedIn မှာရေးခဲ့တာပါ။ သူ့အကြောင်းကိုဆက်လေ့လာကြည့်ရအောင်။

အန်ဒရူး အင်း (Andrew Ng) ဟာ ကွန်ပျူတာသိပ္ပံ ပညာရှင်တစ်ယောက်ဖြစ်ပြီး ဟောင်ကောင်ဇာတိမိဘနှစ်ပါးကနေ ၁၉၇၆ ခုနှစ်မှာ သူ့ကို လန်ဒန်မှာ မွေးဖွားခဲ့ပါတယ်။

သူဟာငယ်စဉ်ဘဝကိုဟောင်ကောင်နဲ့ စင်္ကာပူမှာကြီးပြင်းခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားတက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ၊ စာရင်းအင်းပညာနဲ့စီးပွားရေး အထူးပြုဘာသာရပ်သုံးခု (triple major) နဲ့ ဘွဲ့ရခဲ့ပါတယ်။

၁၉၉၈ မှာတော့ မန်ဆာချူးဆက်နည်းပညာသိပ္ပံ(MIT) ကနေလျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံ မာစတာဘွဲ့ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ကာလီဖိုးနီးယားတက္ကသိုလ်ရဲ့  ကွန်ပျူတာသိပ္ပံဆိုင်ရာပါရဂူဘွဲ့ ရှိခဲ့ပါတယ်။ သူ့ရဲ့ပါရဂူဘွဲယူ စာတမ်းကတော့ “Shaping and policy search in reinforcement learning”ဖြစ်ပါတယ်။
သူဟာ machine learning, deep learning, machine perception, computer vision, natural language processing နဲ့ ပက်သက်တဲ့သုတေသနတွေလုပ်ကာ စာတမ်းတွေစဉ်ဆက်မပျက်ရေးသားနေပြီး AI နယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး ပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။