သမ္မတ ထရန့် ရဲ့ Advancing Artificial Intelligence Education for American Youth


ကျောင်းများအတွက် AI သင်ညွှန်တမ်းများ ဖော်ဆောင်ရေးနဲ့ AI နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးအတွက် သမ္မတ ထရန့် က “Advancing Artificial Intelligence Education for American Youth” လို့ခေါ်တဲ့ အမိန့်ညွှန်ကြားချက်တစ်ရပ်ကို April 23ရက်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတွင်းမှာ AI ကျွမ်းကျင်တဲ့လူငယ် လုပ်သားအင်အားတိုးတက်များပြားလာပြီး အနာဂတ် အမေရိကန်ဟာ AI နည်းပညာမှာ ကမ္ဘာ့ကို ဦးဆောင်နိုင်တဲ့ နိုင်ငံတခု အဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။

ဒီဥပဒေမှာ AI ပညာရပ် ကို ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားရန်၊ ဆရာဆရာမများ AI လေ့လာနိုင်ရေးအတွက် အစီအစဉ်များချမှတ်ရန်နဲ့ AI ကို စာသင်ခန်းတွေမှာ အသုံးပြုလာနိုင်ရန် ဖော်ပြထားပါတယ်။

White House AI ပညာရေး အဖွဲ့ ကိုအမေရိကန် သိပ္ပံနှင့်နည်းပညာ မူဝါဒရုံး (OSTP) ရဲ့ ညွှန်ကြားရေးမှူး ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ထဲမှာ ပညာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် AI & Crypto အထူးအကြံပေး တို့ပါဝင်မှာဖြစ်ပါတယ်။

2014 ခုနှစ် ကပြန်ဌာန်းထားတဲ့ Workforce Innovation and Opportunity Act (WIOA) ရန်ပုံငွေကို အသုံးပြုမှာဖြစ်ပြီး ဒီအစီအစဉ်ထဲမှာ အထက်တန်းပညာရေး အတွက် AI သင်ခန်းစာများပြုစုခြင်း၊ သင်တန်းများဖွင်လှစ်ပြီး အရည်အချင်းစစ် အောင်လက်မှတ်များထုတ်ပေးခြင်းတို့ပါဝင်မှာဖြစ်ပါတယ်။

တရုတ်လဲ ကျောင်းတွေမှာ AI စသင်နေပြီ။ အမေရိကန်လည်း စပြီ။ အယင်ပြောခဲ့ဖူးသလို ဒီတစ်ခေါက် syllabus update လုပ်ယင် UK လည်း AI  သင်ခန်းစာ များများထည့်လာမယ်မျှော်လင့်ပါတယ်။

Ref: whitehouse(.gov), dol(.gov) (WIOA), usatoday(.com)