ပုံနှိပ်စာရွက်တစ်ရွက်ကို Scan ဖတ်လိုက်တဲ့အခါကွန်ပျူတာဟာ အဲ့ဒီ့စာရွက်တစ်ခုလုံးကို ဓါတ်ပုံအနေနဲ့သိမ်းပါတယ်။ အထဲမှာပါတဲ့စာသားတွေကို သူတစ်လုံးမှမသိပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ အဲဒီ့စာကို ဖတ်လို့ရမယ်။ Print လို့ရမယ်။ Edit လုပ်လို့တော့မရပါဘူး။ ဥပမာ စာပိုဒ် တစ်ခု ကို ကူးထုတ်ပြီး ကိုယ့်ရဲ့ Word ဖိုင်ထဲထည့်တာ Font style/Font size ပြောင်တာ မျိုးမရပါဘူး။
ဒီလိုဓါတ်ပုံထဲကစာသားတွေကို ကွန်ပျူတာက အက္ခရာတစ်လုံးချင်းစီကိုသိအောင်ပြောင်းပေးတာကို Optical Character Recognition (OCR) သို့မဟုတ် Text Recognition လို့ခေါ်ပါတယ်။ ခုနောက်ပိုင်း scanning software တွေနဲ့ Adobe Acrobat Reader မှာOCR feature က built in ပါလာပါပြီ။ ပြဿနာနည်းနည်းတော့ရှိပါတယ်။ ဥပမာ font style ပေါ်မူတည်ပြီး အင်္ဂလိပ်အက္ခရာ i အကြီး (I) နဲ့ L အသေး (l) မကွဲတာမျိုး။ S နဲ့ 5 မှားတာမျိုးပါ။
ဒါကိုဖြေရှင်းဖို့ အတွက် ပတ်စပို့လို အရေးကြီး စာရွက်စာတမ်းတွေမှာ အထူးဒီဇိုင်းလုပ်ထားတဲ့ font ကိုသုံးကြပါတယ်။ OCR font ကို ကျွန်တော်တို့ ပတ်စ်ပို့ရဲ့ ဓါတ်ပုံကပ်ထားတဲ့ စာမျက်နှာ အောက်ခြေမှာတွေ့နိုင်ပါတယ်။ စာလုံးတိုင်းဟာ ကွဲပြားတဲ့ ပုံစံရှိတာမို့ စက်နဲ့ဖတ်တဲ့ အခါအမှားနည်းသွားပါတယ်။
ဒါပေမယ့် စာအုပ်တွေ ပုံနှိပ်စာတမ်းတွေတိုင်းက font တစ်မျိုးတည်းသုံးကြတာမဟုတ်ပါဘူ။ လူရဲ့ လက်ရေးဆိုယင်ရော။ ဒါမျိုးကို ကွန်ပျူတာကမှန်မှန်ကန်ကန်ဖတ်နိုင်ဖို့ ဆိုယင်တော့ OCR မှာ AI ပါထည့်ဖို့လိုအပ်လာပါပြီ။ စာကြောင်းထဲမှာ တစ်လုံးတည်းရှိနေတဲ့ I အမှတ်အသားဟာ L အသေးမဟုတ်ပဲ အိုင် အကြီးဖြစ်ကြောင်းသိဖို့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရှိမှရမှာပါ။
ပုံထဲက ပုဂ္ဂိုလ်ရဲ့ အမည်က ရန်လုကန် (Yann LeCun, အမည်ရင်း Yann André Le Cun) လို့ခေါ်ပါတယ်။ သူဟာ ပြင်သစ်-အမေရိကန် ဖြစ်ပြီး နယူးယော့ တက္ကသိုလ်ရဲ့ ငွေရောင်ပါမောက္ခဂုဏ်ပုဒ်ကိုရရှိထားသူပါ။ သူအထူးပြုလေ့လာတဲ့ ဘာသာရပ်တွေကတော့ machine learning, computer vision, mobile robotics နဲ့ computational neuroscience တို့ပဲဖြစ်ပါတယ်။ သူဟာလက်ရှိမှာ Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ မတ္တာရဲ့ Vice President နဲ့ Chief AI Scientist တာဝန်ထမ်းဆောင်နေသူပါ။
ဒီ1989တုန်းကရိုက်ထားတဲ့ ဗွီဒီယို အတိုလေးထဲမှာ ရန်လုကန် ဟာ convolutional neural networks (CNNs) ကိုသုံးပြီး စာရွက်ပေါ်မှာရေးထားတဲ့ ဂဏန်းတွေကို ကွန်ပျူတာဖတ်နိုင်တဲ့ စာသားအဖြစ်ပြောင်းလဲနိုင်ကြောင်းကိုယ်တိုင်လက်တွေ့စမ်းသပ်ပြသနေတာပဲဖြစ်ပါတယ်။
ရန်လုကန် ရှိထားတဲ့ ဘွဲ့နဲ့ ဆုတွေကတော့
- ESIEE Paris (MS)
- Pierre and Marie Curie University (PhD)
- Turing Award (2018)
- AAAI Fellow (2019)
- Legion of Honour (2023)
- VinFuture Prize (2024)
- Queen Elizabeth Prize for Engineering (2025)
Ref: businessworld.in, Wikipedia
Video: Yann LeCun’s YouTube Channel