ပျော်ပွဲရွှင်ပွဲနဲ့ အခမ်းအနားတွေမှာ အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ မီးရှုးမီးပန်းတွေ ဖောက်လေ့ရှိပါတယ်။ ကြည့်လို့အင်မတန်လှပေမယ့် အခြားတဘက်မှာ မကောင်းတဲ့အချက်တွေရှိနေပါတယ်။ မီးပန်းတွေဟာ အမျိုးအစားပေါ်မူတည်ပြီး တစ်မိနစ်စာလောက်ဖောက်ယင်ကို ပျမ်းမျှ ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ လောက်ကုန်ကျစရိတ်ရှိပါတယ်။ ပေါက်ကွဲစေတဲ့ပစ္စည်းဖြစ်တဲ့အတွက် ကိုင်တွယ်ရသူတွေအတွက် အန္တရာယ်များပါတယ်။ အသံအရမ်းကျယ်တဲ့အတွက် အနီးပါတ်ဝန်းကျင်ကလူတွေကို အထိတ်တလန့်ဖြစ်စေပါတယ်။
မီးရှုးမီးပန်းတွေအစား Drones တွေနဲ့အလှပြအောင်ပွဲခံကြယင်ရော?
Drones တွေဟာ ထပ်ခါထပ်ခါပြန်သုံးလို့ရတဲ့အတွက် ရေရှည်မှာ ကုန်ကျစရိတ်အများကြီးသက်သာပါတယ်။ လိုချင်တဲ့မီးရောင်ချက်ချင်းပြောင်းပေးနိုင်ပြီး အခမ်းအနားနဲ့လိုက်ဖက်မယ့် ပုံသဏ္ဍန် နဲ့ စာသား အမျိုးမျိုး ကိုလည်း ပြောင်းလဲဖော်ဆောင်နိုင်ပါတယ်။ စိတ်ကြိုက်ရွေ့လျားနိုင်ပါတယ်။ ပေါက်ကွဲသံမရှိပါဘူး။ သီချင်းသံစဉ်နဲ့ စည်းချက်ညီညီ ရွေ့လျားဖျော်ဖြေတင်ဆက်နိုင်ပြီး ဒါတွေအားလုံးကို တနေရာတည်းကပဲ computer program သုံးပြီး ထိန်းချုပ်နိုင်ပါတယ်။