ကွန်ပျူတာဟာ data တွေ file တွေ program တွေကို hard disk ပေါ်မှာသိမ်းပါတယ်။ (ခုချိန်မှာတော့ ပိုမြန်တဲ့ solid-state drive (SSD) တွေနဲ့အစားထိုးသုံးလာပါပြီ။)
ကမ္ဘာ့ ပထမဆုံး hard disk ကတော့ ၁၉၅၆ ခုနှစ်မှာ IBM ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ IBM Model 350 Disk File ပဲဖြစ်ပါတယ်။
ဒီ hard disk မှာ အချင်း ၂၄ လက်မရှိတဲ့ disk အချပ်ပေါင်း ၅၀ ပါဝင်ပြီး သူ့ရဲ့ data သိမ်းနိုင်တဲ့ ပမာဏကတော့ 3.75 megabytes(MB) ဖြစ်ပါတယ်။
ဟုတ်ပါတယ် megabytes ပါ။
ခုခေတ်မှာတော့ 3.75 MB ဆိုတာ ဓါတ်ပုံတစ်ပုံတောင် သိမ်းဖို့ မဆံ့တော့ပါဘူး။
IBM ဟာ ဒီ hard disk ကို သူ့ရဲ့ RAMAC 305 ဆိုတဲ့ ကွန်ပျူတာထဲမှာထည့်သုံးထားပါတယ်။ hard disk တစ်လုံးတင် ဒေါ်လာ ငါးသောင်း လောက် တန်ကြေးရှိတဲ့အတွက် အဲဒီ့ကွန်ပျူတာကိုမရောင်းပဲ အငှားသာပေးပါတယ်။ ငှားခကတော့ တစ်လ ဒေါ်လာ သုံးထောင့်နှစ်ရာ ပါ။ CPI Inflation Calculator ရဲ့တွက်ချက်မှုအရ ခုခေတ်ငွေဈေးနဲ့ဆို ငှားခ တစ်လ ဒေါ်လာ သုံးသောင်းခုနှစ်ထောင် လောက်ကျသင့်ပါတယ်။ သူ့ရဲ storage ပမာဏနဲ့ ပေးရတဲ့ ငှာရမ်းခ ဟာ သူ့ခေတ်သူ့အခါမှာတန်ပါတယ်တဲ့။
ပုံထဲမှာ IBM RAMAC 305 ကွန်ပျူတာကို သုံးစွဲသူဆီပို့ဆောင်ဖို့ လေယာဉ်ပေါ်တင်နေတာကိုတွေ့ရမှာဖြစ်ပြီး Model 350 Disk ရဲ့တပိုင်းတစကိုလည်းမြင်ရမှာပါ။
နောက်တစ်ပုံကတော့ ဒီနေ့ခေတ် digital camera တွေထဲမှာ storage အဖြစ် သုံးလေ့ရှိတဲ့ microSD card နဲ့ IBM Model 350 ကိုယှဉ်ပြပေးထားတာဖြစ်ပါတယ်။
လက်ဖျားထိပ်က 1TB microSD ဟာ forklift နဲ့မပြီးလေယာဉ်ပေါ်တင်ရတဲ့ ၁၉၅၆ ခုနှစ်က ကမ္ဘာ့ပထမဆုံး hard disk ထက် အဆပေါင်း နှစ်သိန်းခြောက်သောင်းကျော် ပိုပြီး data သိမ်းဆည်းနိုင်ပါတယ်။

