Texas Instruments ကထုတ်လုပ်လိုက်တဲ့ MSPM0C1104 (DSBGA (YCJ)) microcontroller ဟာ ဘယ်လောက်သေးသလဲဆို ပုံမှာ မြင်ရတဲ့အတိုင်း သဲတစ်ပွင့်စာသာသာပဲရှိပါတယ်။
Microcontroller ဆိုတာက ကွန်ပျူတာတစ်လုံးမှာမပါမဖြစ်တဲ့ processor တို့ RAM တို့လို အစိတ်အပိုင်းတွေကို chip တစ်ခုပေါ်မှာ ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပြီး Input နဲ့ output အတွက်ကတော့ သူ့မှာပါတဲ့ pin လေးတွေကတဆင့် ခဲတို့ပြီး ဆက်ရမှာပါ။
ဒီကမ္ဘာ့အသေးဆုံး ကွန်ပျူတာလို့ ဆိုလို့ရတဲ့ MSPM0C1104 မှာ 32-bit processor တပ်ဆင်ထားပြီး တစ်စက္ကန့်ကို instruction ပေါင်း 24 သန်း လောက်တွက်ချက်ပေးနိုင်ပါတယ်။ (ပထမဆုံး လပေါ်ကို လူလွှတ်တုန်းက သုံးခဲ့တဲ့ Apollo Guidance Computer (AGC) ရဲ့ CPU ထက် အဆ ၆၀၀ ကျော် ပိုမြန်ပါတယ်။) memory 1 kilobyte ပါသလို အချက်အလက်တွေ မပျောက်မပျက် သိမ်းထားဖို့ storage 16 kilobytes လည်းပါပါတယ်။ ပြီးတော့ အပူချိန်နဲ့ လှုပ်ရှာမှုတို့ကို အာရုံခံနိုင်တဲ့ sensor တွေကို တပါတည်း ထည့်သွင်းပေးထားပါတယ်။ မပြောပလောက်တဲ့ စွမ်းအင်ပမာဏကိုသာ သုံးစွဲပြီး ပူလွန်းအေးလွန်းတဲ့ အကြမ်းစား ပတ်ဝန်းကျင်(အပူချိန် -40 to 125 °C အတွင်း) မှာလည်း အလုပ်လုပ်နိုင်ပါတယ်။
လက်က္ကားဝယ်မယ်ဆို တစ်ခု ကို 20 cents လောက်သာကျသင့်မှာဖြစ်ပြီး ကိုယ်တိုင် စမ်းကြည့်မယ်ဆိုယင်တော့ Microscope နဲ့ ဒီအသေးစား လေးတွေအတွက်သုံးတဲ့ special ခဲတို့ဂေါ်က်ပါတခါတည်းတွဲဝယ်ခဲ့ဖို့သတိပေးလိုပါတယ်။